Saturday, June 25, 2016

Google Authenticator (GA key) အသုံးပြုနည်း

GA key ကိုဘာလို့သုံးကြလဲဆိုတော့ ကိုယ့် အကောင့်လုံခြုံရေးအတွက် password ခက်ခက်ခဲခဲ ပေးထားတာတောင် စိတ်မချသေးဘူးဆိုရင် ၊ နောက်ထပ် Password တစ်ခု အနေနဲ့ ထပ်ခံပြီးတော့ security နှစ်ထပ်ခံထားချင်ရင် သုံးကြတာပါ ။ သိပြီးသားသူတွေများပေမယ့် Beginner တွေနဲ့ မသိသေးတဲ့ သူတွေအတွက် တင်ပေးလိုက်တာပါ ။ ဘာမှတော့မခက်ပါဘူး ။ 

အရင်ဆုံး Google Authenticator Application ကို Playstore ကနေ download ဆွဲပြီး ကိုယ့်ဖုန်းပေါ်မှာ Install လုပ်လိုက်ပါ ။ Playstore မှာရှာပြီးမဆွဲချင်ရင်လဲအခုပေးထားတဲ့ Link ကနေဆွဲယူလိုက်ပါ >> http://cur.lv/104a23 <<

Install လုပ်ပြိးလို့ဖုန်းထဲဖွင့်ကြည့်လိုက်ရင် အောက်ကပုံထဲကလိုတွေ့ပါလိမ့်မယ် ။



Application ကိုစဖွင့်လိုက် ရင် စစချင်း အောက်ကပုံထဲက အတိုင်းတွေ့ ရပါလိမ့်မယ် ။
Begin setup ကိုနှိပ်ပေးလိုက်ပါ ။




Security Code တွေခံဖို့ နည်းလမ်းနှစ်ခုရှိပါတယ် ။


No. 1 >>  ကိုယ် security 2 ဆင့် ခံထားချင်တဲ့ site ကထုတ်ပေးတဲ့ QR code ကို Authenticator application နဲ့ ချိတ်ဆက်ထားတဲ့ barcode scanner နဲ့ scan ဖတ်ပြီး GA key ရယူတဲ့နည်းနဲ့

No. 2 >> ကိုယ် security 2 ဆင့်ခံထားချင်တဲ့ site ကထုတ်ပေးတဲ့ Code နံပါတ်တွေ ကူးယူပြီး Authenticator Application မှာ ကိုယ့် ဘာသာ ရိုက်ထည့်ပြီး GA key ရယူတဲ့နည်းပါပဲ ။



No . 1 နည်းလမ်း scan a barcode ကိုရွေးချယ်လိုက်ရင် အောက်ကပုံထဲကလို Barcode scanner သူ့ဘာသာ auto ပွင့်သွားပါလိမ့်မယ် ။ အဲဒီအတွက် Barcode Scanner Application ကို Playstore ကနေကြိုတင် download ဆွဲပြီး Install လုပ်ထားရပါမယ် ။ Playstore မှာရှာဖို့ အဆင်မပြေရင် အခုပေးထားတဲ့ link ကနေ download ရယူနိုင်ပါတယ် 





No.2 နည်းလမ်းဖြစ်တဲ့ Enter Key Provided ကိုရွေးချယ်ထားခဲ့ရင်တော့ အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မယ် ။




ဘယ်နည်းလမ်းကိုပဲ ဖြစ်ဖြစ် GA key ထည့်ပြီးသွားတာနဲ့ အောက်ကပုံထဲကလို မြင်ရပါလိမ့်မယ် ။ Code တွေက နံပါတ် ၆ လုံးရှိပါတယ် ။ 30 seconds ကို တစ်ခါပြောင်းပါတယ် ။ အသေမှတ်ထားစရာ မလိုပါဘူး ။ One Time Password ဖြစ်တဲ့အတွက် သူ့ဘာသာ အမြဲတမ်း အချိန်တိုင်းပြောင်းလဲနေပါလိမ့်မယ်။

ကိုယ် security ၂ ဆင့်ခံထားချင်တဲ့ site ထဲကို login ၀င်ပါ ။ Setting >> security ဆိုပြီး အဆင့်ဆင့်သွားပါ ။ အဲဒီ မှာ Two Factor Authorization (2FA) ဆိုပြီးတွေ့ရင် ပုံထဲမှာပြထားတဲ့အတိုင်း လုပ်ပေးလိုက်ပါ ။






ကိုယ့် security နှစ်ဆင့်ခံထားတဲ့ Site ထဲကို Login ၀င်တဲ့အချိန်တိုင်း ဒီ Google Authenticator Code (GA code) ကိုတောင်းပါလိမ့်မယ် ။ Username , Password သိနေရင်တောင် ကိုယ့်အကောင့်ထဲဝင်လို့မရပါဘူး ။

နောက်ထပ် ကုဒ်တွေထပ်လို ချင်ရင် ဖုန်း Menu Tap လေးကိုနှိပ်ပြီး အောက်ပါအတိုင်း ဆက်လုပ်နိုင်ပါတယ် ။





Set up Account ကိုနှိပ်ပြီး အပေါ်မှာ လုပ်ခဲ့သလို နောက်ထပ် site တစ်ခုမှာလဲ Security 2 ဆင့်လုပ်ပေးလို့ရပါတယ် ။
ဒီလောက်ဆိုရင် Google Authenticator Application အသုံးပြုပုံကို အပြည့်အ၀ မဟုတ်ရင်တောင် နည်းနည်းပါးပါးတော့ သဘောပေါက်လိမ့်မယ်လို့ထင်ပါတယ် ။ 

အခုလို လာလည်ပေးတဲ့ အတွက် ကျေးဇူးပါ ။ နောက်လည်း အားရင်လာလည်ပါဦးခင်ဗျာ ။




JR.



No comments:

Post a Comment