Wednesday, June 29, 2016

တင်ခဲ့ သမျှ PDF

အခုလတ်တလော Post အသစ် ရေးဖို့မအား သေးလို့ ရေးပြီးသားတွေကို PDF လုပ်ပြီး စာအုပ်ထုတ်ပေးထားပါတယ် ။ စာအုပ်မထုတ်ရသေးတာတွေလဲ နောက်ပိုင်းကျရင် Update လုပ်ပြီး တင်ပေးပါ့မယ် ။

လိုချင်ရင်တော့ အောက်က Download Link ကနေယူပါ ။ မလိုချင်ရင်လဲ ကျော်ခွသွားပါ ။

Bitcoin Wallet ပြုလုပ်နည်း >>  http://cur.lv/104a20

Perfect Money Account ပြုလုပ်နည်း >> http://cur.lv/104a26

Google Authenticator အသုံးပြုနည်း >> http://cur.lv/104a22

GA Application for android >> http://cur.lv/104a23

Barcode Scanner App for Android >>  http://cur.lv/104a1y

Faucet Box သုံးပြီးငွေရှာနည်း >>  http://cur.lv/104a21

Myanpay အသုံပြုနည်း >>  http://cur.lv/104a24 (credit -www.mmearnmoney.tk)


အားလုံးပဲ အဆင်ပြေကြပါစေ ခင်ဗျာ ။ 




JR.

Tuesday, June 28, 2016

Online မှာ ငွေလိမ်မခံ ရအောင် ဘယ်မှာ လဲလှယ်ကြမလဲ

Online ငွေရှာလောက ထဲမှာ ခဏခဏ ကြားရလေ့ရှိတဲ့ သတင်းကတော့ ၊ ရောင်းမှားဝယ်မှား ဖြစ်ပြီးငွေလိမ်ခံရတာပါပဲ ။ အဲလိုအလိမ် ခံရပြီဆိုရင် ပါသွားတဲ့ ငွေက မပြောပလောက်ရင်တောင် စိတ်ထဲ ကသိ ကအောင့်တော့ ဖြစ်ရပါတယ် ။ အဲဒီ အတွက် ယုံကြည်ရတဲ့ Exchanger တစ်ခုတော့လိုလာပါပြီ ။ အခု Post လေးမှာ Online ငွေရှာလောကမှာ လူတိုင်းနီးပါး သုံးဖူးတဲ့ vodaexchange အကြောင်း လူသစ်တွေ အတွက် ရည်ရွယ်ပြီး Review ရေးပေးပါ့မယ် ။

အရင်ဆုံး Vodaexchange ဆိုတာဘာလဲလို့လေ့လာကြည့်ရအောင် ။ အလွယ်ဆုံးနဲ့ အရှင်းဆုံးပြောရရင်တော့ ကိုယ့်ဆီမှာရှိတဲ့ Perfect money , bitcoin , OKpay , Web money , Visa card / Master card , etc… စတဲ့ online wallet တွေထဲက ငွေတွေကို မြန်မာကျပ်ငွေ အဖြစ်နဲ့ (Myanpay ကနေတစ်ဆင့် ) ထုတ်ယူနိုင်တဲ့ ၊ နောက်ပြီးတော့ မြန်မာကျပ်ငွေကိုလဲ Online currency အဖြစ်နဲ့ လဲလှယ်နိုင်တဲ့ Exchanger တစ်ခုပါ ။ ရုံးခန်းလည်း ဖွင့်လှစ်ထားတဲ့ အတွက် လူကိုယ်တိုင်လဲ သွားရောက် စုံစမ်းနိုင်ပါတယ် ။
 (Myanpay အကြောင်းကို သက်သက် ထပ်ရှင်းပေးပါ့မယ် ၊ အခုပြောလိုက်ရင် ရှုပ်ကုန်မှာ စိုးလို့ပါ ။)

တစ်ခြားလူတော့ မသိပါ ၊ ကျွန်တော်ကတော့ Vodaexchange ကိုအသုံးအများဆုံးပါ ။
ငွေလဲခတော့ နည်းနည်းများပေမယ့်  ၊ အလိမ်ခံရမှာ စိတ်ပူစရာ မလိုပဲ စိတ်ချလက်ချ ငွေလဲလှယ် နိုင်ပါတယ် ။


Vodaexchange site မှာလဲလှယ်ဖို့အတွက် အရင်ဆုံး Myanpay အကောင့်တစ်ခုရှိရပါမယ် ။ Myanpay ဆိုတာကတော့ Myanmar Kyat (MMK) Online Wallet / Payment System လို့မှတ်ထားပါ ။ မြန်မာငွေကိုလဲ PM USD တို့ Paypal USD တို့လိုမျိုး Online Payment တစ်ခုအနေနဲ့ Myanpay (MMK) ဆိုပြီး Online wallet တစ်ခုလုပ်ထားတာပါ ။ Myanpay ကို Vodaexchange အပြင် တစ်ခြားသော ၊ Online shopping တွေအတွက်လဲ အသုံးပြုနိုင်ပါတယ် ။ ဒါကတော့မပြောတော့ပါဘူး ၊ အခုအဓိကရှင်းပြမှာ Myanpay နဲ့ Vodaexchange နဲ့ ဆက်နွယ်မှုကိုပါ ။




အစကတော့ Myanpay Account အလွယ်ဆုံး အမြန်ဆုံးဖွင့်နည်း ၊ Verify လုပ်နည်း ကိုရေးပေးမလို့ပါပဲ ။ ဒါပေမယ့် အချိန်သိပ်မရလို့ သူများရေးပြီးသား စာအုပ် Download Link ပဲတင်ပေးလိုက်ပါတယ် ။ Myanpay Account ဖွင့်ဖို့အတွက် အကောင့်ဖွင့်နည်း စာအုပ်ကို ဒီမှာ download ရယူပါ >> http://cur.lv/104a24 << ပေးထားတဲ့ Link ကသွားပါ ။ ကျွန်တော်ရေးထားတာ မဟုတ်ပါဘူး ။ www.mmearnmoney.tk ကနေရေးသားထားတာပါ ။ ရေးသားသူနဲ့ Webpage ကို Credit ပေးပါတယ် (မူရင်းရေးသားသူကိုမသိလို့ နာမည်မရေးထားတာပါ)။

Myanpay အကောင့်ဖွင့် ၊ Verified လုပ်ပြီးတာနဲ့ ကိုယ်လိုအပ်သလောက်ငွေဖြည့် သွင်းပေးလိုက်ပါ ။ Myanpay account balance ထဲကိုယ့်ငွေ ရောက်ပြီဆိုတာနဲ့ မိမိနှစ်သက်ရာ Online သုံးငွေကြေးတစ်ခုကို Vodaexchange မှတစ်ဆင့်လဲလှယ်နိုင်ပါပြီ ။

https://www.vodaexchange.com မှာ သွားပြီး Account ဖွင့်လိုက်ပါ ။ ဒီမှာ account ဖွင့်တာကတော့ Myanpay မှာဖွင့်တာလောက်မခက်ပါဘူး ။






                              


အကောင့်ဖွင့်ပြီးသွားတာနဲ့ ကိုယ့် account အသက်ဝင်ဖို့ အတွက် ကိုယ့်ရဲ့ email ကို Account confirmation email ရောက်လာပါလိမ့်မယ် ။ Email ထဲ က link အတိုင်းဝင်ပေးလိုက်ရင် ကိုယ့် account active ဖြစ်ပြီး ၊ Exchange လုပ်ငန်း စတင်လို့ရပါပြီ ။







အကောင့်ဖွင့်တာရော ငွေလဲလှယ် ရတာပါ အရမ်းလွယ်ကူလို့ လုပ်မပြတော့ပါဘူး ။ မိမိ ကိုယ်တိုင် အကောင့်ဖွင့်ပြီး လေ့လာကြည့်ရင် ပိုကောင်းမယ် လို့ ယူဆလို့ ပုံတွေထဲမှာလဲ သဘောတရား လောက်ပဲထည့်ပေးထားပါတယ် ။ ဘာမှ မခက်ခဲတဲ့ အတွက် တစ်ဆင့်ချင်း စိတ်အေးအေးထားပြီး လုပ်ကြည့်သွားပါ ခင်ဗျာ ။

အားလုံးပဲ အဆင်ပြေကြပါစေ ခင်ဗျာ ။




JR.

Monday, June 27, 2016

Faucet Box ကိုသုံးပြီး Bitcoin ရှာမယ်

Bitcoin Free Site တွေမှာလိုက်စုတဲ့ သူတိုင်း ရှောင်လွှဲလို့မရတဲ့ ကြားခံ site တစ်ခုရှိပါတယ် ။ Faucet box လို့ခေါ်တဲ့ site ပါ ။ ဒီ site လေးရဲ့လုပ်ဆောင်ချက်က Bitcoin Free site တွေမှာ လိုက်ပြီး Claim ထားတဲ့ Satoshi အနည်းအကျဉ်းလောက် လေးတွေကို လက်ခံပြီးစုဆောင်းပေးထားပါတယ် ။ ပြီးတော့မှ သတ်မှတ်တဲ့ အမောင့်တစ်ခု ရတာနဲ့ ကိုယ့် Bitcoin wallet ထဲကို ၆ နာရီ ကနေ ၄၈ နာရီ အတွင်း Auto ပို့ပေးပါတယ် ။ အနည်းဆုံး 0.00013 BTC ဖြစ်ပြီးတော့ ၊ လွှဲပြောင်းပေးဖို့ Limit ကို မိမိနှစ်သက်သလို ပြောင်းလဲပေးထားလို့ရပါတယ် ။ 0.00013 BTC ထက်တော့ နည်းလို့မရပါဘူး ၊ Limit  ပိုများချင်ရင် များထားလို့ရတယ် လို့ဆိုလိုတာပါ ။

ကိုယ်စုထားတာဘယ်လောက်ရှိပြီလဲဆိုတာကို အချိန်မရွေးပြန်စစ်လို့ရပါတယ် ။

အရင်ဆုံး ဒီ Link ကသွားပါ >> https://faucetbox.com  <<  အောက်ကပုံပါအတိုင်းတွေ့ပါလိမ့်မယ် ။




အောက်ကပုံထဲကပြထားတဲ့ အတိုင်း Address Checker ကိုနှိပ်ပါ ။ ပြီးရင် Free site တွေလိုက်စုထားတုန်းက ဖြည့်ခဲ့တဲ့ ကိုယ့်ရဲ့ Bitcoin လိပ်စာကို ဖြည့်ပေးလိုက်ပါ ။
ပြီးရင် Check  ကိုနှိပ်ပေးလိုက်တာနဲ့ ကိုယ်စုထားတဲ့ Bitcoin ပမာဏတွေ ကိုယ့်ဆီကို ပို့ပေးခဲ့တဲ့ အမောင့်တွေအားလုံးကို စစ်ဆေးနိုင်ပါတယ် ။




ဒါဆိုရင် ကိုယ်စုထားတဲ့ Bitcoin အမောင့်အတိအကျကို ကြည့်လို့ရပါပြီ ။





 ကိုယ့်ဆီ  လွှဲပေးဖို့ Limit ပြောင်းချင်ရင်လဲ ဒီနေရာမှာပဲပြောင်းပေးလို့ရပါတယ် ။
အောက်ဖက်ကို ဆွဲချပြီး ဆက်ကြည့်လိုက်ရင် ပုံထဲက အတိုင်းတွေ့ရပါလိမ့်မယ် ။

 





 ဒါကတော့ Address checker နဲ့ပါတ်သတ်တာ အကြမ်းဖျင်းပြောလို့သိပါပြီ ။


နောက်ထပ် တစ်ပိုင်းဆက်ပြောချင်တာက Bitcoin Free ရှာလို့ရမဲ့အပိုင်းပါ ။ Address Checker ရဲ့ ဘေးနားမှာ Faucets List ဆိုတာလေး တွေ့ပါလိမ့်မယ် ။ အဲဒီ ထဲကို ၀င်လိုက်ပါ ။ ပုံမှာပြထားတဲ့အတိုင်း Faucet Site တွေရဲ့ နာမည်တွေ အတန်းလိုက်ကြီးပေါ်လာပါလိမ့်မယ် ။






အဲဒီ နာမည် တွေ ရဲ့ အပေါ်ကို တစ်ခုချင်း Click သွားလိုက်တာနဲ့ အဲဒီ Bitcoin Free site ရဲ့ Web page ထဲကို နောက်ထပ် Window တစ်ခုပွင့်ပြီး Auto ၀င်သွားပါလိမ့်မယ် ။ အဲဒီ site တွေကို တစ်ခုချင်း ၀င် Claim ပြီးလေ့လာသွားရင် ဘယ် site ကပေးနေလဲ ဘယ် site က မပေးတော့ဘူးလဲဆိုတာ ချက်ချင်းသိနိုင်ပါတယ် ။ အဲဒီလို မပေးတဲ့ Site တွေကို ကိုယ့် List ထဲကနေ အမြင်ရတော့အောင် ၊ Hide ဆိုတာလေးနှိပ်ပြီး ဖယ်ဖယ် သွားလိုက်ပါ ။







ကိုယ် Claim ချင်တဲ့ Site တွေပဲချန်ထားပြီး အားလပ်တဲ့အချိန်တိုင်း ၀င်ပြီး ယူပေးသွားရင် တစ် ဆိုဒ် ပြီး တစ် ဆိုဒ် Claim သွားလို့ရတဲ့ အတွက် အချိန်ကုန် သက်သာပြီး အလွယ်တစ်ကူရနိုင်မယ် လို့ထင်ပါတယ် ။

တစ်ခုရှိတာက Bitcoin free ရှာတယ်ဆိုတာ ဖုန်းဘေနဲ့ မကာမိပါဘူး ။ ဖုန်းဘေ ၅၀၀၀ ဖိုးလောက်ကုန်မှ Bitcoin 2$ ဖိုးလောက်ရဖို့မလွယ်ပါဘူး ။

အဲဒီ အတွက် Internet free သုံးလို့ရ တဲ့လူတွေ ၊ Wifi အလကားရနေတဲ့ လူတွေ ၊ Your freedom ကနေ Internet Free plan တွေဝယ်သုံးလို့ရတဲ့လူတွေလောက်ပဲ လုပ်သင့်ပါတယ် ။

တကယ်တမ်းတော့ ဒီ Post လေးက ဘာမှမဟုတ်ပါဘူး ။ လူသစ်တွေအတွက် သာ ရည်ရွယ်ပြီးရေးထားတာပါ ။

ဖတ်ပြီးသွားလို့ နည်းနည်းလောက်လေး အထောက်အကူ ရသွားတယ်ဆိုရင် ရေးပျော်ပါတယ် ။

အခုလိုလာလည်ပေးတဲ့ အတွက် ကျေးဇူးပါခင်ဗျာ ။ ကျွန်တော့ကို ပြန်ကူညီ ချင်တယ် ဆိုရင်တော့ ဘေးနားမှာ တင်ပေးထားတဲ့ ကြော်ငြာလေးတွေ Click တစ်ချက် စီလောက် နှိပ်ပေးသွားပါ ခင်ဗျာ ။

နောက်လည်းလာလည်ပါဦး လို့ဖိတ်ခေါ်ပါတယ် ။

(မှတ်ချက် ။ Blog ထဲကိုလာလည် ဖြစ်လို့ သိချင်တဲ့ အကြောင်းအရာလေးတွေ ရှိရင် comment မှာမေးသွားလို့ရပါတယ် ။ ကျွန်တော်သိ တဲ့ အကြောင်းအရာဆိုရင် အားတာနဲ့ Post တင်ပြီး ပြန်ဖြေပေးပါ့မယ် ။ )




JR.

Sunday, June 26, 2016

Blog ထောင်ခြင်း ရည်ရွယ်ချက်



ဒီ Blog page လေးက အခုမှ အစပျိုးတုန်းဆိုတော့ နည်းနည်းတော့ပျင်းစရာ ၊ ရယ်စရာလဲ ကောင်းနေပါလိမ့် မယ် ။

 ဒီ Blog အဓိကထောင်ရတဲ့ ရည်ရွယ်ချက်ကလဲ လူသစ်တွေ အတွက် သူများကို လိုက်မေး မနေရအောင် ၊ ကိုယ်ကိုယ် တိုင် လေ့လာပြီး online ငွေရှာလောကထဲ ၀င်ရဲအောင် ၊ သူများအလိမ် မခံရအောင် ရည်ရွယ်ပြီးထောင်ထားတာပါ ။

 အဲဒီအတွက် အခြေခံကနေစပြီး ဖြည်းဖြည်းခြင်းပဲ သွားပါ့မယ် ။ 

ကျွန်တော့် Blog ကို ဘယ်နေရာမှာမှလဲ မကြော်ငြာထားပါဘူး ။ အဲဒီ အတွက် သိတဲ့ လူလဲ သိပ်မရှိပါဘူး ။ အားတဲ့အချိန် လေးတွေမှာ ကိုယ်တတ်နိုင်သလောက် နည်းနည်း ချင်းစီ ရေးပြီး တင်နေတုန်းပဲရှိပါတယ် ။ 

Online Earning Methods ဆိုတဲ့အတိုင်း သက်ဆိုင်ရာ ငွေရှာနည်းလမ်းတွေကို သူ့ အပိုင်း နဲ့သူ ခွဲခြားပြီးရေးသွားမှာပါ ။ 

တစ်ချို့ ကတော့ ကျွန်တော့်ရေးသား ချက်တွေ ပါပါ လိမ့်မယ် ။ တစ်ချို့ ကတော့ English လိုရေးထားတဲ့ စာအုပ်တွေကို ၊ ဘာသာပြန်ပြီးရေးပေးထားတာတွေ ပါပါ လိမ့်မယ် ။ 

အဓိကပြောလိုတာကတော့ ရေးသားချက်တွေထဲမှာ အမှားအယွင်းတစ်စုံ တစ်ရာ ပါဝင်ခဲ့ ရင်လဲ နားလည်ပေး ကြပါလို့ပဲ ပြောလိုပါတယ် ခင်ဗျာ ။

လာလည်ဖြစ်လို့ အဆင်ပြေမယ် ဆိုရင်လဲ ဘေးနားကကြော်ငြာလေးတွေ click ပေးသွားပါဦး ခင်ဗျာ ။
ကျေးဇူးတင်ပါတယ် ။



JR.


Blog ပေါ်တွင်ပေးထားသော Link မှ download ဆွဲနည်း

ကျွန်တော်တင်ပေးထားတဲ့ Download Link တွေကနေ download မဆွဲတတ်တဲ့ လူသစ်တွေအတွက် တင်ပေးလိုက်တာပါ ။ ဘာတွေတင်ပေးနေတာလဲလို့တော့ မထင်ကြပါနဲ့ ခင်ဗျာ ။

Link ကနေ၀င်လိုက်ရင် ဒီပုံထဲကလိုတွေရပါလိမ့်မယ် ။ “AD SKIP” ဆိုတာလေးနှိပ်ပါ ။







 PDF file စာအုပ်တွေ ဆိုရင် အောက်ကပုံထဲကအတိုင်းပေါ်လာပါလိမ့်မယ် ။








Application တွေ တစ်ခြား Zip file တွေဆိုရင် အောက်ကပုံထဲကအတိုင်းပေါ် လာပါလိမ့်မယ် ။ 






Download ဆိုတာလေးကိုနှိပ်ပေးလိုက်ရင်ရပါပြီ ။
အားလုံးပဲ အဆင်ပြေကြပါစေ ခင်ဗျာ ။ 



JR.


Saturday, June 25, 2016

Google Authenticator (GA key) အသုံးပြုနည်း

GA key ကိုဘာလို့သုံးကြလဲဆိုတော့ ကိုယ့် အကောင့်လုံခြုံရေးအတွက် password ခက်ခက်ခဲခဲ ပေးထားတာတောင် စိတ်မချသေးဘူးဆိုရင် ၊ နောက်ထပ် Password တစ်ခု အနေနဲ့ ထပ်ခံပြီးတော့ security နှစ်ထပ်ခံထားချင်ရင် သုံးကြတာပါ ။ သိပြီးသားသူတွေများပေမယ့် Beginner တွေနဲ့ မသိသေးတဲ့ သူတွေအတွက် တင်ပေးလိုက်တာပါ ။ ဘာမှတော့မခက်ပါဘူး ။ 

အရင်ဆုံး Google Authenticator Application ကို Playstore ကနေ download ဆွဲပြီး ကိုယ့်ဖုန်းပေါ်မှာ Install လုပ်လိုက်ပါ ။ Playstore မှာရှာပြီးမဆွဲချင်ရင်လဲအခုပေးထားတဲ့ Link ကနေဆွဲယူလိုက်ပါ >> http://cur.lv/104a23 <<

Install လုပ်ပြိးလို့ဖုန်းထဲဖွင့်ကြည့်လိုက်ရင် အောက်ကပုံထဲကလိုတွေ့ပါလိမ့်မယ် ။



Application ကိုစဖွင့်လိုက် ရင် စစချင်း အောက်ကပုံထဲက အတိုင်းတွေ့ ရပါလိမ့်မယ် ။
Begin setup ကိုနှိပ်ပေးလိုက်ပါ ။




Security Code တွေခံဖို့ နည်းလမ်းနှစ်ခုရှိပါတယ် ။


No. 1 >>  ကိုယ် security 2 ဆင့် ခံထားချင်တဲ့ site ကထုတ်ပေးတဲ့ QR code ကို Authenticator application နဲ့ ချိတ်ဆက်ထားတဲ့ barcode scanner နဲ့ scan ဖတ်ပြီး GA key ရယူတဲ့နည်းနဲ့

No. 2 >> ကိုယ် security 2 ဆင့်ခံထားချင်တဲ့ site ကထုတ်ပေးတဲ့ Code နံပါတ်တွေ ကူးယူပြီး Authenticator Application မှာ ကိုယ့် ဘာသာ ရိုက်ထည့်ပြီး GA key ရယူတဲ့နည်းပါပဲ ။



No . 1 နည်းလမ်း scan a barcode ကိုရွေးချယ်လိုက်ရင် အောက်ကပုံထဲကလို Barcode scanner သူ့ဘာသာ auto ပွင့်သွားပါလိမ့်မယ် ။ အဲဒီအတွက် Barcode Scanner Application ကို Playstore ကနေကြိုတင် download ဆွဲပြီး Install လုပ်ထားရပါမယ် ။ Playstore မှာရှာဖို့ အဆင်မပြေရင် အခုပေးထားတဲ့ link ကနေ download ရယူနိုင်ပါတယ် 





No.2 နည်းလမ်းဖြစ်တဲ့ Enter Key Provided ကိုရွေးချယ်ထားခဲ့ရင်တော့ အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မယ် ။




ဘယ်နည်းလမ်းကိုပဲ ဖြစ်ဖြစ် GA key ထည့်ပြီးသွားတာနဲ့ အောက်ကပုံထဲကလို မြင်ရပါလိမ့်မယ် ။ Code တွေက နံပါတ် ၆ လုံးရှိပါတယ် ။ 30 seconds ကို တစ်ခါပြောင်းပါတယ် ။ အသေမှတ်ထားစရာ မလိုပါဘူး ။ One Time Password ဖြစ်တဲ့အတွက် သူ့ဘာသာ အမြဲတမ်း အချိန်တိုင်းပြောင်းလဲနေပါလိမ့်မယ်။

ကိုယ် security ၂ ဆင့်ခံထားချင်တဲ့ site ထဲကို login ၀င်ပါ ။ Setting >> security ဆိုပြီး အဆင့်ဆင့်သွားပါ ။ အဲဒီ မှာ Two Factor Authorization (2FA) ဆိုပြီးတွေ့ရင် ပုံထဲမှာပြထားတဲ့အတိုင်း လုပ်ပေးလိုက်ပါ ။






ကိုယ့် security နှစ်ဆင့်ခံထားတဲ့ Site ထဲကို Login ၀င်တဲ့အချိန်တိုင်း ဒီ Google Authenticator Code (GA code) ကိုတောင်းပါလိမ့်မယ် ။ Username , Password သိနေရင်တောင် ကိုယ့်အကောင့်ထဲဝင်လို့မရပါဘူး ။

နောက်ထပ် ကုဒ်တွေထပ်လို ချင်ရင် ဖုန်း Menu Tap လေးကိုနှိပ်ပြီး အောက်ပါအတိုင်း ဆက်လုပ်နိုင်ပါတယ် ။





Set up Account ကိုနှိပ်ပြီး အပေါ်မှာ လုပ်ခဲ့သလို နောက်ထပ် site တစ်ခုမှာလဲ Security 2 ဆင့်လုပ်ပေးလို့ရပါတယ် ။
ဒီလောက်ဆိုရင် Google Authenticator Application အသုံးပြုပုံကို အပြည့်အ၀ မဟုတ်ရင်တောင် နည်းနည်းပါးပါးတော့ သဘောပေါက်လိမ့်မယ်လို့ထင်ပါတယ် ။ 

အခုလို လာလည်ပေးတဲ့ အတွက် ကျေးဇူးပါ ။ နောက်လည်း အားရင်လာလည်ပါဦးခင်ဗျာ ။




JR.



Friday, June 24, 2016

Perfect Money (PM) Account ဖွင့်နည်း ၊ အသုံးပြုနည်း အဆင့်ဆင့်





Online မှာ ငွရှာကြမယ့် လူသစ်တွေအတွက် PM account ဖွင့်နည်းလေး ထပ်မံမျှဝေ ချင်ပါတယ် ။ PM ဆိုတာလဲ ရှေ့ယခင် post မှာ တင်ထားခဲ့တဲ့ Bitcoin လိုမျိုး online currency wallet  တစ်ခုပါပဲ ။ online digital currency ဆိုပေမယ့် သူက USDollar ကို အဓိကထားသုံးတာပါ ။ အပြင်က ဒေါ်လာပေါက်ဈေးလိုပဲ အတက်အကျရှိပါတယ် ။
Online ပေါ်က PM 1$ က အပြင်က USD 1$ နဲ့ အတူတူပါပဲ ။ Online သုံး digital ငွေကြေး ဖြစ်သွားတဲ့ အတွက် နည်းနည်းလေးပို ဈေးကြီးတာ တစ်ခုပါပဲ ။ ဘာအသုံးဝင်လဲဆိုတော့ online ငွေရှာ site တွေ ၊ online shopping တွေထဲက PM ကိုလက်ခံတဲ့ ဘယ်ဆိုဒ်က မဆို အလွယ်တကူ ငွေထုတ်ယူလို့ ၊ ငွေပေးချေလို့ရပါတယ် ။



ဒါဆို အကောင့်ဖွင့်ဖို့ စကြည့်ရအောင် -


အရင်ဆုံး ဒီ Link မှသွားပါ >> https://goo.gl/6KR5QL <<  ဆိုဒ်ထဲရောက်သွားရင် Account ဖွင့်ဖို့ Sign Up ကိုနှိပ်ပါ ။




လိုအပ်တဲ့အချက် အလက်တွေဖြည့်ပေးပါ 







Register လုပ်ပြီးတာနဲ့ ကိုယ် အကောင့်ဖွင့်ထားတဲ့ email ကို perfect money ကနေစာတစ်စောင် ပို့ပေးပလိမ့်မယ် ။ Email ထဲသွားကြည့်ပါ Your Personal Member ID ဆိုပြီး ID နံပါတ်တစ်ခုပေးထားပါလိမ့်မယ် ။ အဲဒီ နံပါတ်ကို လုံခြုံတဲ့ တစ်နေရာမှာ ကူးရေးထားလိုက်ပါ ။ အကောင့်ထဲ Login ၀င်တိုင်း ဒီ နံပါတ်ဖြည့်ပြီး ၀င်ရမှာပါ ။ 



ဒါဆိုရင် အကောင့်ထဲ Login ၀င်ကြည့်ရအောင် ၊ အောက်ကပုံထဲကလို Member ID ဖြည့် ၊ Password ဖြည့် ၊ ပေးထားတဲ့ စာလိမ်တွေ တွေမှန်အောင်ဖြည့် ပြီး Authorize ကိုနှိပ်ပါ ။








 တစ်ခါတစ်လေ အကောင့်ထဲတန်း မ၀င်ပဲ PIN code တောင်းပါလိမ့်မယ် ။ ကိုယ့်အကောင့် ဖွင့်ထားတဲ့ email ထဲသွားကြည့်ပါ ၊ PIN code ပို့ထားပါလိမ့်မယ် ။ ကူးယူပြီးဖြည့်ပေးလိုက်
ပါ ။ အကောင့်ထဲဝင်သွားပါလိမ့်မယ် ။




                                                                

စစချင်းတွေ့ ရမှာ Member Area ရယ် ၊ My Account ရယ်ပါပဲ ။ Member area ကို အရင်ကြည့်ရအောင်





 My account ထဲမှာတော့ ကိုယ့် ငွေစာရင်း အကောင့်တွေ တွေ့ပါလိမ့်မယ် ။ အဲဒီထဲကမှ U နဲ့ စတဲ့နံပါတ်ကိုကူးယူထားလိုက်ပါ (ဥပမာ - U1234567) ။ ကိုယ့်ရဲ့ USD အကောင့် ငွေလွှဲနံပါတ်ဖြစ်တဲ့အတွက် သေသေချာချာမှတ်သားထားပါ ။ သူများဆီကငွေလက်ခံ ဖို့ ငွေလွှဲအကောင့် နံပါတ်ပေးတာ နံပါတ်တစ်လုံးလောက် မှားပေးမိရင်တောင် ကိုယ့်အကောင့်ထဲငွေ မရောက်ပဲ သူများဆီရောက်သွားမှာပါ ။







ငွေလက်ခံတာပြီးတော့ ငွေလွှဲပေးဖို့ထပ်ပြပါမယ် ။ အောက်ကပုံကိုကြည့်ပါ။






 ဒီပုံအတိုင်းပေါ်လာပါလိမ့်မယ် ။ တစ်ခုသတိထားရမှာက ကိုယ့်အကောင့်ထဲကနေ ငွေပို့ပေးမယ် ဆိုရင် ကိုယ်ပို့ပေးတဲ့ငွေရဲ့ ၂% ကို ကိုယ့်အကောင့်ထဲက ထပ်ဆောင်းပြီးဖြတ်ပါလိမ့်မယ် ။ ဥပမာ - 100$ လွှဲလိုက်တယ် ဆိုရင် ငွေလွှဲခ ပေးရတာနဲ့ ပေါင်းပြီး အကောင့်ထဲက 102$ ဖြတ်သွားပါလိမ့်မယ် ။ လက်ခံမယ့်သူဆီကိုတော့ 100$ အတိအကျရောက်သွားပါလိမ့်မယ် ။






ဒီလောက်ဆိုရင် Online Payment System တစ်ခုဖြစ်တဲ့ Perfectmoney (PM) အကောင့်ဖွင့်နည်း ၊ အသုံးပြုနည်းတွေကို အကြမ်းဖျင်းလောက်နားလည် လိမ့်မယ်လို့ ထင်ပါတယ် ။ ဒီထက်ပို အသေးစိတ်သိချင်ရင်တော့ account ဖွင့်ပြီး ဆက်လက်လေ့လာကြည့်ကြပါ ခင်ဗျာ ။ 
ဒီ Post လေးကို စာအုပ်အနေနဲ့ နဲ့သိမ်းထားပြီးဖတ်ချင်ရင်တော့ PDF လေးကို ဒီLink ကနေ download ဆွဲနိုင်ပါတယ် >> http://cur.lv/104a26 <<  File size လည်းသေးသေးလေးပါ ။

လာလည်ပေးတဲ့အတွက် ကျေးဇူးပါ ၊ နောက်လည်း အားရင် လာလည်ကြပါဦး ခင်ဗျာ ။


JR. 

Thursday, June 23, 2016

Bitcoin Wallet တစ်ခုပြုလုပ်နည်း

Bitcoin Wallet တွေထဲမှာလူသုံးအများဆုံး ဖြစ်တဲ့ coinbase wallet ဖွင့်နည်း အသုံးပြုနည်း ကို အသေးစိတ်မဟုတ်ပေမယ့် အကြမ်းဖျင်း သိမ်းကြုံးပြီး ရေးပေးသွားမှာပါ ။ မသိသေးတဲ့ Beginner တွေသေသေချာချာ သိအောင်ရည်ရွယ်ပြီး ရေးတာပါ ။ သိထားပြီးသားလူတွေ အတွက်ရယ်စရာဖြစ်နေပါလိမ့်မယ် ။


အရင်ဆုံး www.coinbase.com ကိုသွားပါ ။ ဆိုဒ်ထဲကို ၀င်လိုက်တာနဲ့ အပေါ်က ပုံအတိုင်းတွေ့ရပါလိမ့်မယ် ။ အကောင့်ဖွင့်မှာဖြစ်တဲ့ အတွက် Sign up ကိုနှိပ်ပြီး ပုံထဲမှာ ပြထားတဲ့ အတိုင်း အဆင့်ဆင့်လုပ်ဆောင်သွားပါ ။


အောက်ကပုံ အတိုင်းပေါ်လာပါလိမ့်မယ် ။ အဆင့်ဆင့်ဖြည့်ပေးပါ။




Verify လုပ်ပြီးပြီဆိုတာနဲ့ Coinbase bitcoin wallet ထဲတန်းဝင်သွားပါလိမ့်မယ် ။
ပေါ်လာတဲ့ပုံထဲက ဘယ်ဘက်တစ်ခြမ်းကိုဖြတ်ပြထားပါတယ် ။ Menu ကိုအောက်ကပုံထဲမှာတစ်ချက်ကြည့်ပါ ။


အောက်ကပုံကတော့ ကျန်တဲ့ ညာဘက်ခြမ်းက ပုံပါ ။

အောက်က ပုံထဲကအတိုင်းတွေ့ရပါလိမ့်မယ် ။


Bitcoin လက်ခံတာသိသွားပြီ ဆိုရင် ၊ bitcoin သူများဆီကို လွှဲပြောင်းနည်း ထပ်ပြပေးပါ့မယ် ။ အောက်ကပုံတွေကို ဆက်ကြည့်ပေးပါ ။


နောက်ဆုံးထပ်ပြပေးချင်တာကတော့ ကိုယ့် wallet ရဲ့ security ပိုကောင်းအောင် ဖုန်းနံပါတ်နဲ့ ၂ ဆင့်ခံနည်းပါပဲ ။ အဲဒိအတွက် Setting >> security အဆင့်ဆင့်သွားပြီး ပုံထဲကအတိုင်းဆက်လုပ်သွားပါ ။




 Bitcoin ဈေးနှုန်းဖေါ်ပြတာကို မြန်မာကျပ်ကနေ USD ဖြစ်ဖြစ် ၊ တစ်ခြားနိုင်ငံသုံး ငွေကြေးပဲ ဖြစ်ဖြစ် ပြောင်းချင်ရင် Setting ကိုဝင်ပါ ၊ ပြီးရင် Preferences ထဲမှာ ၀င်ပြင်ပါ ။



ဒီလောက်ဆိုရင် Coinbase Bitcoin wallet အကောင့်ဖွင့်နည်းနဲ့ Security 2 step ခံနည်း ၊ အသုံးပြုနည်း တွေကိုအတော်အသင့် နားလည်လောက်မယ်လို့ထင်ပါတယ် ။ 

ဒီ post လေးကို စာအုပ်နဲ့ သိမ်းထားချင်ရင်တော့ >> http://cur.lv/104a20 << ဒီ Link ကနေdownload ဆွဲပါ။


အခုလိုလာလည် ပေးတဲ့အတွက်ကျေးဇူးပါ ။ နောက်လည်းအားရင် လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ခင်ဗျာ ။
(အချိန်လေး နည်းနည်းလောက်ရရင် ကြော်ငြာလေးတွေ Click ပေးသွားပါဦးခင်ဗျာ ။)


JR.

Tuesday, June 21, 2016

Bitcoin Wallet များကို လေ့လာခြင်း



Bitcoin ဆိုတာ Online မှာ ငွေရှာကြတဲ့လူတွေအားလုံးနီးပါးထိတွေ့ ဆက်ဆံရတဲ့ Online Currency တစ်မျိုးပါ။ Bitcoin ကိုကိုင်တွယ်သုံးစွဲရပြီဆိုတာနဲ့ သိမ်းထားစရာ Wallet တစ်ခုလိုပါတယ်။ အခု post လေးကလဲ bitcoin wallet တွေအကြောင်း ဗဟုသုတရအောင် ခြုံငုံပြီးရှင်းပြဖို့အတွက်ရည်ရွယ်ပါတယ်။ ဆရာလုပ်ချင်တယ်လို့ မထင်ကြပါနဲ့ ခင်ဗျာ။

 Bitcoin wallet အမျိုးအစား အဓိကအားဖြင့် (5) မျိုးခွဲခြားနိုင်ပါတယ်။

အဲဒါတွေ ကတော့ -
      (a)   Desktop wallet  
      (b)  Mobile wallet 
        (c)   Online wallet
        (d)  Hardware wallet  
      (e)  Paper wallet  ဆိုပြီးတော့ဖြစ်ကြပါတယ်။


 Desktop wallet – ဒီ wallet အမျိုးအစားကို အသုံးပြုဖို့ အတွက် ပထမဆုံး ကိုယ်သုံးချင်တဲ့ wallet အမျိုးအစားရဲ့ official website က official client software ကို ကိုယ့် computer ပေါ်မှာ download ချယူရပါမယ် ။ ပြီးရင်တော့ software ကို ကိုယ့် computer ပေါ်မှာ စပြီး Run လိုက်တာနဲ့ ကိုယ့် computer ကိုပဲ bitcoin wallet အနေနဲ့ အသုံးပြုလို့ရပါပြီ ။ Bitcoin အသွင်းအထုတ်လုပ်ဖို့ bitcoin address တွေ generate လုပ်ပြီးအသုံးပြုရုံပါပဲ ။ Wallet ကို ကိုယ်တစ်ယောက်ထဲ အသုံးပြုနိုင်ဖို့အတွက် Private Key တွေ password တွေခံထားပြီးတော့ အသုံးပြုရပါမယ်။ မဟုတ်ရင်ကိုယ့် computer ထဲမှာ Bitcoin stealing virus တွေထည့်ခံလိုက်ရတာနဲ့ ကိုယ့်ဆီမှာ စုဆောင်းထားတဲ့ Bitcoin ကိုအလွယ်တစ်ကူ လွှဲပြောင်းခိုးယူသွားပါလိမ့်မယ်။ Computer ကို ကိုယ့်ရဲ့ Private wallet အဖြစ်အသုံးပြုထားတဲ့အတွက် အမှားအယွင်း တစ်စုံတစ်ရာ ရှိခဲ့ရင်လဲ ကိုယ်ရဲ့ အမှားကြောင့်သာဖြစ်မှာပါ။ ဘာပဲပြောပြော ကိုယ့် computer ကသာ wallet ကိုချိတ်ဆက် အသုံးပြုနိုင်တဲ့ တစ်ခုတည်းသော Device ဖြစ်တဲ့အတွက် ကိုယ်ပိုင်ဆိုင်ရဲ့ bitcoin ကို လွယ်လွယ်နဲ့ တော့ ခိုးယူလို့မရတော့ပါဘူး ။

Mobile Wallet –  ရှေ့မှာဖေါ်ပြခဲ့တဲ့ desktop wallet ရဲ့လိုအပ်ချက်တစ်ချို့ကိုပြုပြင် ဖြည့်သွင်းပြီး ဖြစ်ပေါ်လာတဲ့ new generation wallet အမျိုးအစားပါပဲ ။ မြန်မာပြည်မှာ မရနိုင်သေးပေမယ့် နိုင်ငံတစ်ချို့မှာ Bitcoin နဲ့ ငွေပေးချေလို့ရတဲ့ store ဆိုင်တွေ Coffee shop တွေ ပြီးတော့ ငွေထုတ်ယူလို့ရတဲ့ ATM စက်တွေ စသည်ဖြင့် ရှိကြပါတယ်။ ဒီလိုနေရာတွေသွားလို့ ငွေပေးချေတဲ့အခါမှာ desktop wallet လိုမျိုး computer wallet က သုံးရတာအဆင်မပြေတဲ့ အတွက် ၊ Mobile wallet ကိုစတင် ဖန်တီးသုံးစွဲ ဖို့ဖြစ်လာပါတယ်။ Mobile wallet ရဲ့အားသာချက်က ကိုယ်သွားလေရာကို ဖုန်းတစ်လုံးပါရုံနဲ့ bitcoin နဲ့ ပါတ်သတ်တဲ့ ငွေပေးချေမှုမှန်သမျှကို အလွယ်တကူနဲ့ အဆင်ပြေပြေလုပ်နိုင်ပါတယ် ။ mobile wallet ကိုအသုံးပြုရာမှာ phone application တစ်ခုအနေနဲ့ အသုံးပြုရသလိုပါပဲ။ desktop wallet လိုပဲ private key တွေ password တွေအသုံးပြုရပါမယ်။ Wallet ကို recovery လုပ်နိုင်ဖို့အတွက် Application စ Run တုန်းက Recovery Phrase တစ်ချို့ ချပေးပါလိမ့်မယ် အဲဒါကို စာအုပ်ထဲမှာဖြစ်ဖြစ် ၊ note pad လေးထဲမှာဖြစ်ဖြစ်သေသေချာချာ ကူးယူ ရေးမှတ်ထားရပါမယ်။ ပြီးရင်တော့ bitcoin အသွင်းအထုတ်လုပ်ဖို့ bitcoin address တွေ generate လုပ်ပြီးသုံးရုံပေါ့ဗျာ။ bitcoin ပေးပို့တဲ့ အခါမှာလဲ QR Code တွေကို scan ဖတ်ပြီးပေးပို့နိုင်တဲ့ အတွက် Account မှားပို့ခြင်းမှကင်းဝေးနိုင်ပါတယ် ။ သူ့ကိုသုံးချင်ရင်လဲ official website မှာ official client application တွေပေးထားတာကို download ချယူပါ။ တစ်ခြားနေရာကသွားဆွဲ လို့ Fake တွေ Clone တွေနဲ့တိုးသွားရင်တော့ ကိုယ့်ထည့် ထားတဲ့ bitcoin amount များများထည့်လိုက်တာနဲ့ ခိုးထုတ်သွားနိုင်ပါတယ်။

Online Wallet - ယနေ့ခေါတ် မှာ online business လုပ်ငန်းတွေတွင်ကျယ်လာတာနဲ့ အမျှ Online wallet တွေဟာလဲတစ်နေ့ထက်တစ်နေ့ အသစ်အသစ် တွေထွက်ပေါ် လာပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံလိုဖွံ့ဖြိုးမှုနောက်ကျနေတဲ့နိုင်ငံတွေအတွက်တော့ bitcoin ကို online purchase system တွေကလွဲလို့ အသုံးချစရာမရှိသေးပါဘူး ။ အဲဒီအတွက် Bitcoin wallet တွေအနေနဲ့လဲ ပုံသဏ္ဍာန်အမျိုးမျိုးမလိုအပ်ပါဘူး ။ အဲဒါကြောင့်လဲ Bitcoin wallet အနေနဲ့ Online Wallet တွေကိုသာ တွင်တွင် ကျယ်ကျယ် အသုံးချကြပါတယ် ။ Online Wallet ရဲ့ အဓိက အားသာချက်ကတော့ ကိုယ်ဘယ်နေရာပဲရောက်ရောက် အသုံးပြုနိုင်တာပါပဲ ။ မိမိသုံးနေကျ computer လို ဖုန်းလိုမျိုး device တွေသယ်ဆောင်သွားစရာမလိုပါဘူး။ မိမိရောက်ရာအရပ်က မိတ်ဆွေသူငယ်ချင်း တွေရဲ့ computer ဒါမှမဟုတ် Phone ကိုခဏငှားယူပြီး Internet လိုင်းဖြင့်ချိတ်ဆက်လိုက်ရုံနဲ့ ကိုယ့် wallet ကိုအသုံးပြုနိုင်ပါတယ်။ သုံးပြီး ရင်တော့ ကိုယ်အသုံးပြုထားတဲ့ history ကိုတော့ Clear ပြန်လုပ်ဖို့မမေ့နဲ့ပေါ့ဗျာ ။ Internet ဆိုင်လိုနေရာမျိုးတွေမှာတော့ လုံးဝမသုံးသင့်ပါဘူး။ နောက်ပြီးတော့ Online wallet ဖြစ်တဲ့အတွက် တစ်ခြားမသမာတဲ့ Hacker ပေါက်စတွေရဲ့ လက်တဲ့စမ်းခြင်းကိုလဲ ခံရနိုင်ပါတယ်။ အဲဒီအတွက်တော့ security ပိုင်းကိုသေသေချာချာ လုပ်ထား ဖို့တော့လိုပါမယ် ။ ဒါကတော့ကိုယ့်ဘက်က လုပ်နိုင်တဲ့ security ပိုင်းပါ။ ကိုယ်ကာကွယ်လို့မရတဲ့ ကာကွယ်ဖို့မဖြစ်နိုင်တဲ့ Online wallet မှာ Bitcoin ဆုံးရှုံးမှု တွေရှိပါသေးတယ် ။ အဲဒါကဘာကြောင့်လဲဆိုရင် ၊ ကိုယ့်ရဲ့ wallet platform ရွေးချယ်မှု မှားယွင်းတာကြောင့်ပါ ။ ကိုယ်အသုံးပြုတဲ့ Platform ကတော့ စိတ်ချရတဲ့ Platform ဖြစ်ဖို့လိုပါတယ် ။ မဟုတ်ရင် တွေ့ကရာ Platform ပေါ်မှာ wallet လုပ်ပြီး Bitcoin ထည့်သွင်းတုန်းကတော့ အကောင်း ၊ ထုတ်တဲ့အခါကျတော့မှ ပြန်ထုတ်မရဆိုတာမျိုးတွေ ဖြစ်ပြီဆိုတာနဲ့ ဆုံးရှုံးမှု ဖြစ်နိုင်ပါတယ် ။ ဘယ် wallet ဖြစ်ဖြစ်ထည့်လို့ရဖို့တော့မပူပါနဲ့ ၀င်ပါတယ် ၊ ထုတ်တဲ့ အခါမှသာ Wallet အမည်ခံ လူလိမ်တွေထောင်ထားတဲ့ သူခိုး wallet နဲ့တွေ့ရင် ထုတ်မရပဲခိုးယူသွားမှာပါ။ ဒါတွေကတော့ online wallet ရဲ့ အားနည်းချက်တွေပါပဲ။ အဲဒါကြောင့် Online Wallet ကိုသုံးရင် စိတ်ချရတဲ့ platform ကိုရွေးပါ။ security ကိုလဲသေသေချာချာမြှင့်ထားပါ။ ကျွန်တော်တို့ နိုင်ငံ ကလူတိုင်း နီးပါးအသုံးပြုကြတဲ့ wallet အမျိုးအစားပါပဲ။

Hardware Wallet - ဒီ wallet ကိုဘာလို့သုံးကြလဲဆိုတော့ ၊ တစ်ချို့လူတွေက Desktop wallet , phone wallet နဲ့ Online wallet တွေသုံးရတာ သိပ်ပြီးလုံခြုံမှုမရှိဘူးလို့ထင်ကြပါတယ်။ တကယ်လဲ လုံးဝ perfect ဖြစ်မနေပါဘူး။ အဲဒီအခါမှာ သုံးစွဲသူရဲ့ လိုအပ်ချက်အရ/ တောင်းဆိုချက်အရ အခုလို Hardware wallet တွေဟာဈေးကွက်ပေါ်ရောက်လာပါတယ်။ သူ့ရဲ့ ပုံသဏ္ဍာန် က computer မှာ သုံးကြတဲ့ memory stick လေးတွေနဲ့ ဆင်တူပါတယ်။ ကိုယ့်ရဲ့ bitcoin ပမာဏဟာ အရမ်းများလာတဲ့အခါကျရင် လူတွေက ဘယ်မှာထားရတာမှ စိတ်မချတော့ပါဘူး ။ online မှာထားရတာလဲ အကောင့်အခိုးခံရမှာကြောက်ကြတယ် ၊ desktop wallet နဲ့ Phone wallet ကျပြန်တော့လဲ တစ်ယောက်ယောက်က bitcoin stealing virus တွေထည့်လိုက်ရင်ပါသွားမှာကြောက်ရပြန်တယ်။ အခန့်မသင့်လို့ ကိုယ်မရှိတုန်း computer / phone ကို format ချလိုက်ရင် ၊ ပျက်စီးသွားရင်  ပြန်တော့ရနိုင်ပေမယ့် စိတ်မချရတဲ့ အနေအထားဖြစ်နေတော့ ဒီလို hardware wallet လေးတွေကို အသုံးပြုဖို့အတွက်အကြောင်းဖန်လာပါတယ် ။ ဒီ device လေးတွေက ငွေပေးချေမှုတွေ လက်ခံရယူမှုတွေကို computer နဲ့ ချိတ်ဆက်ပြီးအသုံးပြုနိုင်ပါတယ်။ Virus Immune system တွေပါတဲ့အတွက်လဲ virus တွေနဲ့ ၀င်ရောက် တိုက်ခိုက် ခိုးယူခြင်းမှ ကာကွယ် ထားပါတယ်။ ဈေးနှုန်းတွေလဲ အမျိုးမျိုးရှိတဲ့အတွက် ၀ယ်ယူ လိုတဲ့ ဈေးနှုန်းနဲ့အမျိုးအစားကို ရွေးချယ်ပြီး online store တွေကနေမှာယူပြီး သုံးစွဲရပါမယ်။ အသုံးပြုနေရင်းနဲ့ မီးအားကြောင့်ပဲဖြစ်ဖြစ် ၊ လွတ်ကျလို့ပဲဖြစ်ဖြစ် ၊ တက်နင်းမိလို့ပဲဖြစ်ဖြစ် ပျက်စီးသွားရင်တော့ ကိုယ့်ပိုင်ဆိုင်မှုဟာ ခဏလေးနဲ့ လေထဲမှာတင်ပျောက်သွားမှာပါ။

Paper Wallet - ကျွန်တော်တို့ ပိုင်ဆိုင်တဲ့ bitcoin ကိုဈေးအပေါဆုံးနဲ့ အသက်သာဆုံး သိမ်းလို့ရတဲ့ wallet လို့ပြောရင်မမှားပါဘူး။ Paper wallet လို့ခေါ်တဲ့အတိုင်း ကိုယ်ပိုင်ဆိုင်တဲ့ Bitcoin တွေကို စာရွက်လေးတစ်ရွက်ပေါ်မှာပဲ သိမ်းဆည်းထား လို့ရပါတယ်။ သူ့ရဲ့ အကောင်းဆုံးအားသာချက်ကတော့ ဘယ်လို Cyber attack မျိုး ၊ hardware ပျက်စီးမှုမျိုးကြောင့် မှဆုံးရှုံးစရာမရှိတော့ပါဘူး ။ Paper Wallet လုပ်ဖို့ service ပေးထားတဲ့ bitcoin wallet site တွေအများအပြားရှိပါတယ်။ အဲဒီလို site တွေမှာသွားပြီးတော့ Paper wallet တစ်ခု Generate လုပ်လိုက်ရင် ကိုယ့်အတွက် Bitcoin address နဲ့ QR code နှစ်ခုပါတဲ့ paper sheet တစ်စောင်ရပါလိမ့်မယ် ။ Print ထုတ်ယူပြီး သိမ်းဆည်းထားလို့ရပါတယ်။ တစ်ခုက Pulblic address ပါ ၊ ကိုယ့်ဆီကို Bitcoin လက်ခံဖို့ လိပ်စာပါ ။ နောက်တစ်ခုကတော့ Private key အဖြစ်နဲ့ wallet ထဲက bitcoin ကို ပေးချေတဲ့အနေနဲ့ အသုံးပြုဖို့ပါ ။ လူကြိုက်များတဲ့ wallet အမျိုးအစားတစ်ခု ဖြစ်သလို ဈေးပေါပေါနဲ့ ရပြီး ပျက်ဆီးဆုံးရှုံးမှုလည်းနည်းတဲ့ Wallet အမျိုးအစားဆိုရင်မမှားပါဘူး။

**** ဒီလောက်ဆိုရင် bitcoin wallet တွေအကြောင်းနဲ့ ကိုယ်သုံးတဲ့ wallet ရဲ့ အားနည်းချက် အားသာချက်တွေကို နည်းနည်းပါးပါးတော့ တီးမိ ခေါက်မိမယ် ထင်ပါတယ် ခင်ဗျာ ။ အားလုံးပဲ အဆင်ပြေကြပါစေခင်ဗျာ ။ ****ဆရာ တစ်ယောက်မဟုတ်တဲ့ အတွက် လိုအပ်ချက်တွေရှိခဲ့ရင်လဲ သီးခံပြီး ဖတ်ပေးကြပါခင်ဗျာ ။


JR.