Monday, June 20, 2016

Gambling , Advertising , Mining and Trading

   


1.   Gambling – Bitcoin နဲ့ လောင်းကစားလုပ်တာပါ။ 999 dice တို့ , prime dice , တို့ coin flip တို့ အားလုံးပါပါတယ် ။ International ဘောလုံးပွဲလောင်းတာ ဖဲကစားတာ တွေလဲ အတူတူပါပဲ ။ မလုပ်တာအကောင်းဆုံးပါ ။ အခုနိုင်နေတယ်ဆိုတဲ့ လူတွေထဲက တော်တော်များများက တော်တော်လေး လှူပြီးမှ ခုလိုနိုင်နေတာပါ ။ အားမကျပါနဲ့ မွဲတတ်ပါတယ်ခင်ဗျာ ။ ရှုံးတဲ့လူတွေကလဲ အသံမထွက်ပဲနေကြတော့ လူတိုင်းနိုင်တယ်ထင်နေကြတာပါ။ ကျွန်တော်ကတော့ အားမပေးပါဘူး ခင်ဗျာ ။

2.   Advertising - ဒါတော့ ကြော်ငြာရတဲ့အလုပ်ပါ။ Bitcoin site တွေ တစ်ခြား ကြော်ငြာ site ကြီးတွေကနေကြော်ငြာ Link လေးတွေယူပြီး ၊ ကိုယ့် Blog (ဒါမှမဟုတ်) Website page ပေါ်မှာတင်ပြီးတော့ကြေငြာပေးရတာပါ။ အဲဒီလိုကြော်ငြာပေးထားရင် ကိုယ့် Blog ၊ Web ထဲကို လူဝင်ရင်ဝင်သလောက် ကိုယ့်ကိုကြော်ငြာခပေးပါတယ် ။ Free ပေးတဲ့ faucet လေးတွေထောင်တာလဲ ဒီသဘောပါပဲ ။ သူ့ page ပေါ်မှာ ကြော်ငြာလေးတွေတင်ပေးထားတယ်။ သူ့ဆီမှာ ကြော်ငြာလာကြည့်ပေးရင် Satoshi 200 , 300 ,….,1000 စသည်ဖြင့် ပေးမယ်ဆိုတာမျိုးပါ ။ ကျွန်တော်တို့ free faucet တွေမှာ လိုက်ပြီး Claim တယ်ဆိုတာ ၊ ပေးတဲ့လူက BTC ပေါနေလို့လှူနေတာမဟုတ်ပါဘူးခင်ဗျာ။ သူတို့ကြော်ငြာခရအောင် Page ကိုလူများများဝင်အောင် ဆွယ်ထားတာပါ။

3.   Mining – ကျွန်တော်တို့ အပြင်လောကမှာ ရွှေတွင်းတွေ ၊ကျောက်တွင်းတွေတူး သလို Online မှာ bitcoin မိုင်းတူးရတာပါ။ အဓိကအားဖြင့်တော့ mine တူးတဲ့နည်း တွေကတော့ Hardware mining , software mining , cloud mining ဆိုတာတွေပါ။ Hardware mining ကတော့ mining hardware တွေကို Amazon တို့ Bitcoin miner storeတို့ကနေ Visa card , master card တွေနဲ့ မှာယူပြီးတော့ ကိုယ့်ဆီက internet လိုင်းနဲ့ ချိတ်ဆက်ပြီး bitcoin တူးတာပါ ၊ မီးလည်း ၂၄ နာရီလုံးပေးထားရပါတယ်။ စက်တွေကကြာလာရင် heat တွေတက်လာမယ့်အတွက် သူ့အတွက် cooling system တွေလုပ်ပေးရပါမယ်။ Internet လည်းတစ်ချိန်လုံးဖွင့်ထားရမယ်။ အိမ်က မီတာလဲ အတက်မြန်ပါတယ်။ စက်တွေပျက်ရင်လဲ ဒီမှာ spare မရှိတဲ့အတွက် ပြင်ရတာအခက်အခဲရှိပါတယ်။ မြန်မာပြည်မှာဆိုရင်တော့ သိပ်မလွယ်ပါဘူး ။  Software Mining ဒါကတော့ နာမည်ကြီး Mining site တွေမှာ Register လုပ်ပြီး သူ့ site ကFree Link ချပေးထားတဲ့ Mining software download ချယူပြီး ကိုယ့် computer ရဲ့ CPU / GPU ကောင်းရင်ကောင်းသလောက် တူးလို့ရပါတယ်။ ကြာလာရင်တော့ computer ပျက်နိုင်ပါတယ်။ မီးရော internet ရောတစ်ချိန်လုံး ဖွင့်ပေးရတာဖြစ်တဲ့အတွက် ၊ မြန်မာပြည်မှာလုပ်ဖို့ သိပ်တော့အဆင်မပြေပါဘူး။ internet ဖိုးနဲ့ပြန်ရတာ နဲ့ computer ပျက်မှာနဲ့ သိပ်ကိုက်မယ်မထင်လို့ပါ။ နောက်ဆုံးတစ်နည်းကတော့ cloud mining တူးတာပါ။ အားလုံးထဲမှာအလွယ်ဆုံးနဲ့ အသက်သာဆုံးပါပဲ ။ Mining site ကြီးတွေမှာ register လုပ်ပြီး သူတို့ဆီကရောင်းတဲ့ မိုင်းတူးတဲ့ speed / Hash rate တွေဝယ်ပြီး တူးရတာပါ။ ကိုယ်လုပ်စရာမလိုပါဘူး ကိုယ်ဝယ်ထားတဲ့ speed / hash rate အလိုက်ထွက်တဲ့ bitcoin ကို ကိုယ့် account balance ထဲပုံမှန်ဖြည့်ပေးပါတယ်။ Internet လဲဖွင့်ထားစရာမလိုပါဘူး။ ဥပမာပြောရရင် - သူတို့ဆီမှာ တကယ့် Hardware အကြီးစားတွေ Miner စက်အကြီးစားကြီးတွေ နဲ့ စက်ရုံတစ်ရုံလောက်ပမာဏ နဲ့ အမှန်အကန်တူးတဲ့ ကုန်ကျစရိတ်တွေ အရင်းအနှီးတွေကို Share အနေနဲ့ ထုတ်ရောင်းပေးပါတယ် ၊ အဲဒီကနေ တူးလို့ထွက်လာတဲ့ bitcoin တွေကို Share အနည်း ၊ အများ အလိုက်အမြတ်တွေ ခွဲခွဲပေးနေတဲ့သဘောပါပဲ။ Share ဆိုတာကလည်း တစ်နည်းပြောရရင် ကျွန်တော်တို့ ၀ယ်ယူလိုက်တဲ့ KH/s , GH/s , MH/s လို့ခေါ်တဲ့ Hash rate တွေပါပဲ ။အမြဲတမ်းလဲဝင်ကြည့်နေစရာမလိုပါဘူး ၊ GHs တွေဝယ်ချင်လို့ ဒါမှမဟုတ် ကိုယ့် balance ထဲက bitcoin withdraw လုပ်ချင်တဲ့အချိန်မှဝင်စရာလိုတာပါ။ တစ်ချို့ site တွေဆို Auto withdraw mode တွေပေးထားပါတယ်။ ဒါပေမယ့် site က SCAM ဖြစ်သွားရင်တော့ဆုံးရှုံးမှုတွေဖြစ်မှာပါ။  ဒီမိုင်းတူးနည်းတွေ အားလုံးဟာ အားနည်းချက်အားသာချက် ကိုယ်စီရှိကြပါတယ်။ လုံးဝအပြစ်ကင်းတာတော့ မရှိဘူးပေါ့ဗျာ။ (ကျွန်တော်ကတော့ Cloud Mining ပဲတူးပါတယ်။) ဒီထက်ပိုပြီးအသေးစိတ်သေသေချာချာသိချင်ရင်တော့ Miner Group တွေထဲဝင်ပြီးလေ့လာပါခင်ဗျာ။

4.   Trading – ဒါကတော့ trade လုပ်တာပါ။ bitcoin ကို trade တဲ့နည်းတွေအများကြီးရှိပါတယ်။ အကြမ်းဖျင်း အားလုံးခြုံငြုံပီးပြောပြပါ့မယ်။ ပထမနည်းကတော့ ရိုးရိုး trade တာပါ။ အလွယ်ပြောရင်တော့ဈေးကျရင်ဝယ်ပြီး ဈေးတက်ရင်ပြန်ရောင်းတာပေါ့ဗျာ။(တကယ်တော့ဒီလောက်မလွယ်ပါဘူး) ။နောက်တစ်ခုကတော့ cryptocurrencies trade တာပါ။ Bitcoin ကိုတစ်ခြား cryptocoin တွေနဲ့ exchange and trade sites တွေမှာ လိုက်ပြီး ဈေးနှုန်းကွာခြားချက် အလိုက်လျှင်ရင်လျှင်သလိုလိုက် trade တာပါ။ နည်းနည်းတော့ လက်ပေါက်ကပ်ပါတယ်။ အချိန်လဲနည်းနည်းပေးရတယ်။ ကျွမ်းကျင်မှုရောလျှင်မြန်မှုရောလိုပါတယ်။ နောက်ဆုံးတစ်ခုကတော့ Meta trader4 Platform ပေါ်မှာ trade တာပါ။ MT4 trade လို့ခေါ်ကြပါတယ်။ သူ့ကိုတော့ လျှင်မြန်မှု ၊ကျွမ်းကျင်မှုလောက်နဲ့မရတော့ပါဘူး။ Management ကိုလည်းပိုင်နိုင်နေမှရမှာပါ။ leverage တွေအမျိုးမျိုးနဲ့ တော်ရုံ skill နဲ့ trade လို့မရပါဘူး။ Professional မဆန်ရင် မြန်မြန်ကုန်မယ်ဆိုတာမျိုးပါ။


ဒါတွေကတော့ Bitcoin ရှာဖွေတဲ့နည်းလမ်းတွေထဲက အဓိကလူသုံးအများဆုံး နည်းလမ်းတွေပါပဲ။ 


JR.  

2 comments:

  1. ¥¥¥¥¥¥¥ BTC FAUCET ROTATOR $$$$$$$
    * COLLECT 10k Satoshi in 4 MINUTES.
    * HIGHEST Satoshi per Claim ratio.
    * HIGHEST PAYING FAUCETS, starting at 5,000 satoshi per claim.
    £££££££ ******** LAUNCH THE FAUCET ROTATOR NOW ******** £££££££

    ReplyDelete
  2. Hello Everybody,

    Below are the most recommended BTC exchanges (Bitcoin for Currency):
    Coinbase: $1 minimum trade
    CoinMama

    Get free Bitcoins with the best Bitcoin faucet rotator:
    BEST Faucet Rotator

    ReplyDelete