Thursday, July 7, 2016

Bitcoin Faucet Rotator တစ်ခုအလွယ်ဆုံးပြုလုပ်နည်း

Bitcoin ရှာဖွေနည်းတွေရေးတင်တုန်းက Bitcoin free faucet တွေမှာ Free လိုက်စုတဲ့ အကြောင်းပါခဲ့ပါတယ် ။ အဲဒီ Free Faucet တွေမှာစုတာကို ၊ site တစ်ခုချင်းလိုက်စုနေတာထက် Faucet rotator တွေမှာ စုတာပိုမြန်ပါတယ် ။ တစ်ဆိုဒ်ပြီးတာနဲ့ တစ်ဆိုဒ် ယူလို့ရတာမို့လို့ပါ ။ 

ဒီတစ်ခါတော့ Faucet Rotator တစ်ခုကို ငွေတစ်ကျပ်မှ မကုန်ပဲ ကိုယ်တိုင်လုပ်တတ်အောင် အလွယ်ဆုံး နဲ့အမြန်ဆုံးလုပ်လို့ရတဲ့ နည်းတင်ပေးမှာပါ ။

ပထမအဆင့်အနေနဲ့ ဒီ link မှသွားပါ >>> http://coinrotator.net







၁။ ပုံ ၁ ထဲမှာ ပါတဲ့ page ရောက်သွားရင် အကောင့် ဖွင့်ဖို့ register ကိုနှိပ်ပါ ။

၂။ User name မှာ နာမည်ထည့်တဲ့အခါ ကိုယ့်လုပ်မယ့် rotator ရဲ့နာမည်ကိုထည့်ပါ ။
ထည့်ချင်တာထည့်လို့လဲရပါတယ် ။ ဒါပေမယ့် ကိုယ်ဖန်တီးတဲ့ rotator က အဲဒိနာမည်နဲ့ ထွက်လာမှာပါ။

၃။ ထုံးစံအတိုင်း email , password ဖြည့်ပြီး send ကိုနှိပ်ပါ ။ Email confirmation လုပ်ခိုင်းပါလိမ့် မယ်။ ကိုယ့် အကောင့်ဖွင့်ထားတဲ့ email ကို confirmation message ပို့ပါလိမ့်မယ် ။ email ကနေ၀င်ပြီး confirm လုပ်ပေးလိုက်ပါ ။ တစ်ခါတစ်လေ confirm မလုပ်ခိုင်းပဲ အကောင့်တန်းပွင့်သွားတတ်ပါတယ် ။ ပုံ - ၃ မှာပြထားသလိုပေါ်လာရင် ရပါပြီ ။








၎။ ပြီးတာနဲ့ site မှာ Login ပြန်ဝင်လိုက်ရင် ပုံ ၂ ထဲကအတိုင်းတွေ့ပါလိမ့်မယ်။
Rotator ကို တစ်ချက် click ပေးလိုက်ပါ ။

၅။ အစိမ်းရောင် ဘောင်ခတ်ပြထားတဲ့ အကွက်ထဲမှာ ကိုယ်ထည့်ချင်တဲ့ faucet site တွေကို ၊ တစ်ခုကို တစ်ကြောင်းနှုန်းနဲ့ ထည့်ပေးပါ ။

၆။ ကိုယ့် စိတ်ကြိုက်ဖြစ်ပြီ ဆိုရင် အောက်က create ကို Click လိုက်ပါ ။ ဒါဆိုပြီးပါပြီ ။
၇။ အပြာရောင်မြှားပြထားတဲ့ Link ကို copy လုပ်ပြီး တစ်နေရာမှာ save လုပ်ထားလိုက်ပါ ။

ဂ။ ကိုယ်လုပ်ထားတဲ့ Rotator ထဲဝင် ချင်ရင် ခုဏ က save ထားတဲ့ link ကတဆင့် ၀င်လိုက်ရင် တစ်ခါထဲတန်းရောက်ပါတယ် ။

၉။ သူများကို link ချပေးချင်ရင်လဲ ၊ ဒီ Link ပဲ ချပေးရမှာပါ ။ တစ်နည်းပြောရရင် အဲဒီ link က ကိုယ်ဖန်တီးလိုက်တဲ့ Rotator ရဲ့ Link ပါပဲ ။

ဒါဆိုရင် Faucet rotator တစ်ခု အလွယ်ဆုံးနဲ့ အမြန်ဆုံး ကိုယ်ကိုယ်တိုင် ဖန်တီးနိုင်ပါပြီ။ ဒီထက်ပိုပြီး အသေးစိတ်သိချင်ရင်တော့ site ထဲဝင်ပြီး ကိုယ်ကိုယ်တိုင် လေ့လာကြပါ ခင်ဗျာ ။ 
အားလုံးပဲ အဆင်ပြေကြပါစေ ။





JR.

No comments:

Post a Comment